တနင်္သာရီတိုင်း ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပကာသီရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမတိုက်ခင်မှာ ဝင်ရောက်စီးနင်းပြီး သိမ်းပိုက်ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပကာရီရဲစခန်းကို စစ်ကူပေးနိုင်ဖို့ အင်အားအလုံးနဲ့ လာရောက်နေတာကြောင့် ထားဝယ်-ထီးခီးလမ်းပိုင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာတာတွေ ခတ္တရပ်ဆိုင်းထားဖို့ မြေပြင် PDF ရဲဘော်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
ထားဝယ်-ထီးခီးလမ်းပိုင်းမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ သွားလာမှုတွေကိုပါ ရပ်ဆိုင်းထားပေးဖို့ကိုပါ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။