မြဝတီ အကြီးစားပေါက်ကွဲမှု CCTV နဲ့ မျက်မြင်တွေကို အကြမ်းဖက်စစ်တပ် စုံစမ်းစစ်ဆေ

အကြီးစား ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မြဝတီအမှတ် ၁ တံတားအနီးဝန်းကျင်ရှိ CCTV နဲ့ မျက်မြင်တွေကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်အခြမ်းမှာဧပြီလ ၂၃ ရက် ည ၁၀ နာရီခွဲလောက်က မိုင်းဗုံးတပ်ဆင် ထားတဲ့ကားလို့ ယူဆရတဲ့ ကားတစ်စီးအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တံတားရုံးလုပ်ငန်းဆောင်ရွက်တဲ့ အဆောက်အအုံ၊ တံတားအနီးရှိ လူနေဆိုင်ခန်း၊ ကားနဲ့ဆိုင်ကယ်တို့ ပျက်စီးခဲ့ပြီး တံတားလုံခြုံရေး တာဝန်ကျ နယ်ခြား စောင့်တပ် ၊တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ဒေသတွင်းမီဒီယာ KIC က ဖော်ပြပါတယ်။
အဲဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့ အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးပေမဲ့ ပေါက်ကွဲအားပြင်းထန်တဲ့အတွက် အကြမ်းဖက်စစ်တပ် ဘက်က လုပ်ကြံဖောက်ခွဲတာဖြစ်နိုင်ကြောင်း မြ၀တီမြို့ခံအချို့က ထင်ကြေးပေး ကြတယ်လို့ လည်းသိရပါတယ်။
တံတားနား၀န်းကျင်က အိမ်တွေ၊ကားတွေ ပျက်စီးမှုများခဲ့သလို တံတားစောင့်တဲ့ BGF တွေက ပတ်၀န်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေကြောင့် နေအိမ်တွေ ကျည်ထိမှန်ခဲ့ပါတယ်။