ဆော-လောင်းရှည်လမ်းပိုင်းမှာ အသွားအလာမလုပ်ကြဖို့ ထုတ်ပြန်

မကွေးတိုင်း၊ ဆော-လောင်းရှည်လမ်းပိုင်းမှာ အသွားအလာမပြုလုပ်ကြဖို့ ဒီနေ့မနက်၇နာရီကျော်မှာ လောင်းရှည်PDF ကထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆နာရီလောက်မှာ ခန့်မှန်းအင်အား၆၀ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ လောင်းရှည်ဘက်ကိုဦးတည်ထွက်ခွာလာတာကြောင့် ဆော-လောင်းရှည်လမ်းမှာ အသွားအလာမလုပ်ဖို့ အသိပေးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
လောင်းရှည်PDFက လမ်း သွားလာခွင့် သတင်းထုတ်ပြန်ကြေငြာခြင်းမရှိဘဲ သွားလာခဲ့ပါက လုံခြုံရေးအာမခံချက်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။