ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးပြီး အပြစ်မဲ့ပြည်သူတွေ မတရားဖမ်းဆီးခံရအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ အမျိုးသမီး ၃ ဦးကို လုပ်ရပ်တွေကနေ ရပ်တန့်ဖို့အတွက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
ပုသိမ်မြို့ ပြည်တော်သာတိုက်ခန်းနေ အမျိုးသမီးတစ်ဦး၊ စည်ပင်သာယာဝန်ထမ်း အမျိုးသီးတစ်ဦးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဟန်ငြိမ်းဦးအကောင့်ကို သတင်းပေးပို့ကာ ပြည်သူတွေ မတရားဖမ်းဆီးခိုင်းနေတယ်လို့ PSTF က ဆိုပါတယ်။
စစ်အုပ်စုကို သတင်းပေးနေတဲ့ သူတွေအနေနဲ့ လက်ရှိလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန်းကရပ်ပေးဖို့နဲ့ လိုက်နာမှုမရှိပါက မိမိတို့ တာဝန်သာဖြစ်တယ်လို့ PSTF က ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။