မုံရွာ၊ ချောင်းဦး မြင်းမူနဲ့ ပခုက္ကူနယ် လမ်းပိုင်းလေးခု ယာယီပိတ်ထား​ကြောင်း ချောင်းဦး PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ချောင်းဦး မြင်းမူနဲ့ ပခုက္ကူနယ်လမ်းပိုင်း လေးခု အရေးပေါ်လိုအပ်ချက် အခြေအနေအရ ဒီနေ့မနက် ၁၁ နာရီမှ စတင်ပြီး ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ဧပြီလ ၂၃ ရက် မနက် ၁၁ နာရီကစတင်ကာ မုံရွာ – ချောင်းဦး – မြင်းမူလမ်းပိုင်း၊ မုံရွာ – အမြင့်လမ်းပိုင်း၊ ချောင်းဦး – အမြင့်လမ်းပိုင်းနဲ့ ချောင်းဦး – ပခုက္ကူလမ်းပိုင်းတွေကို ကြေညာချက်ထုတ်ပြန်ချိန်ကစပြီး နောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်တာပါ။
ယာယီပိတ်ထားချိန်အတွင်း လမ်းပိုင်းကိုပြည်သူတွေ လုံခြုံရေးအတွက်အသုံး မပြုကြဖို့နဲ့လိုက်နာခြင်း မရှိပါက လုံခြုံရေးအတွက်အာမမခံနိုင်ဖူးလို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ လမ်းပိုင်းမှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တွေအန္တရာယ်ကင်းရှင်းစေဖို့အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တွေနဲ့ ကပ်လျက်လိုက်ပါ မောင်းနှင်တာတွေမလုပ်ကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။