မြိတ်ဘက်ဆင်းလာတဲ့ စစ်ယာဉ်တန်း မိုင်းနှစ်ဆင့်ဆွဲပြီး တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်းသေ

Photo- PDF
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ဘက်ကနေ ဆင်းလာတဲ့ အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းနှစ်ဆင့်ဆွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပုလော PDF က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကား ၁၂ စီးပါယာဉ်တန်းကို ကဒဲရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်လာတဲ့ စစ်ကားတွေကို ခမောင်းတောရွာအနီး ထပ်မံမိုင်းဆွဲခဲ့ကြောင်း အဲဒီနောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ၁ နာရီ ၄၅ မိနစ်လောက်မှာ ပစ်ခတ်မှု ငြိမ်သက်သွားခဲ့ကြောင်း ပုလော PDF ကဆိုပါတယ်။
‘စစ်ခွေးတွေက ညဘက်မှာ လစ်ပြီထင်ပြီး ထွက်လာတာ။သတင်းပေးတွေက ရှိပြီးသား။ ဇွဲကောင်းကောင်းနဲ့ စောင့်နေတဲ့ PDF တွေက အဆင်သင့်ပဲဆိုတော့ ပွဲပြတ်တော့တာပဲပေါ့။ PDFမှာ လက်နက်သာ သေချာပြည့်စုံရင် စစ်ကား ၁၂ စီးစလုံး အကုန်သေမှာ’ လို့ မြိုတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်နေ ပြည်သူတစ်ဉီးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား (၂) စီး မီးလာင်ပျက်စီးကာ စစ်ကား (၁၂) စီးအနက် (၄) စီးသာ ထားဝယ်ဘက် တက်သွားကြောင်း သိရပါတယ်။
ပုလော PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။