ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ဧပြီလ ၂၁ ရက်ကစပြီး အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်တို့အဆက်အသွယ်ပြတ်နေသလို ကျောင်းသားဟောင်း ကိုဟိန်းထက်လည်း ဆက်သွယ်လို့မရတော့ဘူးလို့ ဆိုပါတယ်။
အလားတူ နောက်ထပ်ကျောင်းသား ၂ ဦးဖြစ်တဲ့ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့လည်း အဆက်အသွယ်ပြတ်နေတာကြောင့် စုစုပေါင်း (၇) လုံးအဆက်အသွယ်ပြတ်တောက်၊ ပျောက်ဆုံးလျက်ရှိပြီး အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခြင်း ခံထားရတာလို့ သံသယဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။