မကွေးတိုင်း ပေါက်မြို့နယ် ကျောင်းကုန်းရွာမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ဧပြီလ ၂၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ်တွေကို ဒုတိယအကြိမ် မီးရှို့ခဲ့တယ်လို့ နယ်မြေသတင်းရင်းမြစ်ဖြစ်တဲ့ Pauk Alliance Group အဖွဲ့ကဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုအဖွဲ့တွေဝင်တွေက ကျေးရွာအတွင်း ပြည်သူပိုင်နေအိမ်တွေနဲ့အတူ ကွမ်းခြံတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ကားတွေနဲ့ တင်ဆောင် ခိုးယူသွားတယ်လို့ ဆိုပါတယ်။
ဧပြီလ ၇ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က ကျောင်းကုန်းရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၅ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ အခုဒုတိယအကြိမ်လို့ဆိုပါတယ်။
ဒီနေ့ဧပြီလ ၂၃ ရက်မနက်ပိုင်းမှာတော့ ပေါက်နယ်၊ ပျမရွာဘုရားကုန်းပေါ်ကနေ ကျွန်းတိုင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ မနက်အစော ၅ နာရီလောက်မှာ ၅ ချက်လောက်ပစ်နေပြီး အကြမ်းဖက်စစ်အုပ်စုအင်အား ၂၅ ယောက်လောက်ရှိတယ်လို့ ဆိုပါတယ်။