အမိန့်နာခံမှု အားကောင်းပြီး အလဲအလှယ်ပြုလုပ်လို့ရတဲ့စစ်ကြောင်းတစ်ကြောင်း အဆင်သင့်အနေအထားရှိနေပြီလို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုက ကြေညာလိုက်ပါတယ်။
ဧပြီ ၂၂ ရက်နေ့၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (K.R.U) ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးကြောင်း ထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားပါတယ်။
မြေပြင်တိုက်ပွဲစစ်ဆင်ရေးတွေကို ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အား အစုအဖွဲ့တွေနဲ့ အတူတကွ လက်တွဲညီစွာ တိုက်ပွဲ၀င်သွားမယ်လို့လည်း ဆိုပါတယ်။
ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုဟာ မြေပြင်တိုက်ပွဲတွေကို အကောင်းဆုံးပြင်ဆင်မှုတွေနဲ့ စနစ်တကျ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုထဲမှာ Karenni Generation – Z (KGZ)၊ Karenni Democratic Front (KDF)၊ Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နဲ့ Southern Shan People Defense Force (SSPDF) တို့ပါဝင်ပြီး တော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ တွန်းလှန်သွားမယ်လို့ ဆိုပါတယ်။