“နိုင်ငံသစ်ကို ထူထောင်ကြ”ဆိုတဲ့ ဒီကနေ့ ရန်ကုန်သပိတ်

ဓာတ်ပုံ- သဃက ဗကသ
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို လက်မခံကြောင်း ရန်ကုန်မြို့က လူငယ်တွေဟာ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့အတွင်းက မြို့နယ်တစ်ခုအတွင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“စနစ်ကိုစနစ်နဲ့တိုက်ကာ နိုင်ငံသစ်ကိုထူထောင်ကြ” စာသားကို ကိုင်ဆွဲပြီး ချီတက်ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေကို ပြည်သူတွေကလည်း ဝန်းရံကူညီပြီး အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြချီတက်ပွဲကိုတော့ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။