အမ်းမြို့ စစ်ဆေးရုံက ဒုတပ်ကြပ်တစ်ဦး အလင်းဝင်

ဓာတ်ပုံ- Chinland Defense Force – Daai
ရခိုင်ပြည်နယ် အမ်းမြို့ စစ်ဆေးရုံးမှ ဒုတပ်ကြပ်တစ်ဦးဟာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး မိသားစုနဲ့အတူ ပြည်သူ့ထံ အလင်းဝင်လာခဲ့တယ်လို့ Chinland Defense Force – Daaiက သတင်းထုတ်ပြန်လာပါတယ်။
အမ်းမြို့စစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ် မြင့်သိန်းဟာ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို မလိုလားတာကြောင့် မိသားစုနဲ့အတူ Chinland Defense Force – Daai ကနေတဆင့် အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Chinland Defense Force – Daaiက ပြည်သူ့တပ်မတော်သား ဒုတပ်ကြပ် မြင့်သိန်းကို မိသားစုနဲ့ အတူကောင်းစွာ စောင့်ရှောက်ထားခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။