တကူကျေးရွာ စစ်အုပ်စုခန့်အုပ်ကြီး ရှင်းလင်းခံရ

photo- လူမှုကွန်ရက်
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၇နာရီခန့်မှာ သေနတ်နဲ့ သွားရောက်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဦးကျော်ငွေဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းကာ ဒေသခံပြည်သူတွေကို ဖိနှိပ်တာ မတရားဖမ်းဆီးစေတာတွေကို လုပ်ဆောင်နေတာကြောင့် နုတ်ထွက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် နုတ်ထွက်မှုမရှိတာကြောင့် အခုလို သေနတ်နဲ့ လေးချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူး ၄ဦးအထိကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းထားပြီးဖြစ်ကာ ကျန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း အမြန်ဆုံး နုတ်ထွက်ဖို့အတွက် သတိပေးထားပါတယ်။