စစ်ကိုင်း၊ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ကူနဲ့ ဝင်ရောက်မီးရှို့

Photo- စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းမြို့နယ်အတွင်းရှိ ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူနဲ့ ဝင်ရောက်လာကာ ရွာကိုမီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာဒီကနေ့မနက်ပိုင်းမှာ ရွာမြောက်ဘက်ကနေဝင်လာတယ်လို့ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘စစ်ခွေးတွေ အင်အားတော်တော်များတယ်လို့ သိရတယ်။တချို့လည်း မရှောင်နိုင်တော့လို့ ရွာထဲမှာပဲပုန်း နေကြတယ်လို့ ရှောင်နိုင်တဲ့ရွာသားတွေကပြောတယ်။မပြေးနိုင်တဲ့သူတွေ အဖမ်းခံထားရတယ်’လို့ စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိ အိမ်ဘယ်နှစ်လုံး မီးလောင်သွားသလဲဆိုတာကို မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ရွာကို ၃ နေရာခွဲပြီးမီးရှို့ခြင်းဖြစ်ပြီး ရွာသားတဦး လက်နက်ကြီးထိမှန်ထားတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။