ထားဝယ်ခရိုင် အဝေးပြေးလမ်းတွေပေါ် ညအချိန် ခရီးမသွားဖို့ နောက်ဆုံးအကြိမ် သတိပေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းတွေပေါ် အကြမ်းဖက်စစ်တပ်တွေ စိတ်တိုင်းကျ သွားလာလှုပ်ရှားနေတာကို ဟန့်တားဖို့အတွက် ပြည်သူတွေအနေနဲ့ ညအချိန်ခရီးမသွားကြဖို့ ထားဝယ်ခရိုင် PDF က ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်-ထားဝယ်-မြိတ် အ​ဝေး​ပြေး ကားလမ်းတ​စ်လျှောက်နဲ့ ထားဝယ်ခရိုင်အတွင်းရှိ အ​ဝေး​ပြေးလမ်းတွေပေါ်
ည​ ၇ နာရီမှ မနက် ၄ နာရီအထိ ခရီးမသွားကြဖို့၊ ခရီးသွားကားတွေအနေနဲ့ မှန်တင်ထားခြင်း၊ တလပတ် (သို့) တစ်ခုခုနဲ့ ပိတ်အုပ်ထားခြင်းတွေကို ​ရှောင်ကြဉ်ကြဖို့၊ အကြမ်းဖက်စစ်တပ်ကားတွေနဲ့ အနီးကပ်​မောင်းနှင်ခြင်း မပြုဖို့ ခရီးသွားပြည်သူတို့ရဲ့ လုံခြုံရေးအတွက် နောက်ဆုံးအကြိမ် အသိ​ပေး​ခြင်းဖြစ်ကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ထားဝယ်ခရိုင်အဝေးပြေးလမ်းတွေပေါ်ကနေ တပ်အင်အားဖြည့်တာနဲ့ လက်နက်ရိက္ခာ သယ်ယူပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။