ဧရာဝတီမြစ်အတွင်း ရှော့ခ်တိုက်စက်လှေတွေ လုံးဝရပ်နားထားဖို့ထုတ်ပြန်

ဧရာဝတီမြစ်အတွင်း ရှော့ခ်တိုက်စက်လှေတွေအားလုံး တော်လှန်ရေးကာလတစ်လျှောက် လုံးဝရပ်နားထား ဖို့ GZ Special Task Force-Wetlet က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
ရှော့ခ်တိုက်လှေတွေကို တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ကြောင်းအတွင်းသွားလာနေကြတဲ့ပြည်သူတွေနဲ့ ရေလုပ်သားတွေအနေနဲ့ ည၇နာရီက နေမနက်၆နာရီအတွင်း သွားလာခြင်းမပြုကြဖို့နဲ့ အရေးပေါ်သွားလာဖို့ လိုအပ်လာရင်လည်း သက်ဆိုင်ရာအ ဖွဲ့အစည်းတွေကို အကြောင်းကြားပြီးမှ သွားလာဖို့ လည်း မေတ္တာရပ်ခံထားပါတယ်။
အခုလိုထုတ်ပြန်မှုဟာ ညအချိန်တွေမှာ ဧရာဝတီမြစ်အတွင်း ရှော့ခ်တိုက်လှေတွေ တရားမဝင် ငါးခိုးဖမ်းနေခြင်းနဲ့ ပြည်သူအယောင်ဆောင်ကာအကြမ်းဖက်စစ်တပ်က ညအချိန် ဧရာဝတီမြစ်ထဲ သွားလာမှုရှိနေတာကြောင့် ဖြစ်ကြောင်း ဝက်လက်မြို့၊၃ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
‘ရှော့ခ်တိုက်တာတွေ ပိုဆိုးလာတယ်။စစ်ခွေးတွေကလည်း ကုန်းကြောင်းဆို မိုင်းထိပြီးသေလွန်းလို့ ရေလမ်း သွားလို့ရရင် ရေလမ်းကနေညဘက်မှာ ပြည်သူတွေလိုလိုနဲ့ ခိုးသွားနေကြတယ်။အဲဒါကြောင့် အခုလိုထုတ်ပြန် တာလို့ ထင်တယ်။သေချာထိထိရောက်ရောက်ကိုင်တွယ်သင့်တယ်’လို့ သူကပြောပါတယ်။
အခုထုတ်ပြန်ချက်ဟာ ဝက်လက်မြို့နယ်၊ထုံးဘို၊ရှားကွဲ၊ရေဂမိုး၊ရွာသစ်၊လှေပို့ဆိပ်၊သစ်ဆိပ်၊ကူကြီး၊ငါးပတ် ချောင်း၊ရေလမော်၊မှော်ဦး၊ကမ်းဖြူ၊ရွာသစ်၊မင်းရွာတောင်၊အင်ဒေါင်း၊ရွာသစ်၊ရှိမ်းမကား၊ငါးရယ်၊တမာကန်၊တပ်ရွာ၊အောက်တပ်ရွာနဲ့စဉ့်ကိုင်အထိ အကျုံးဝင်ပြီး တော်လှန်ရေး အောင်မြင်ချိန်အထိဖြစ်ကြောင်းသိရပါတယ်။