တမူး အ.ထ.က ကျောင်းမှာ တပ်စွဲထားတဲ့စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့ နန်းဖာလုံ အ.ထ.က (ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေ မနေ့ကဧပြီလ ၁၈ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ The 74 Media က ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားကို ကျောင်းရှေ့အရောက်မှာ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ပိတ်ပင်တားဆီးရာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ဆေးရေးတာဝန်ကျသူ အပါအဝင် တပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ပြီးနောက် နာရီဝက်အကြာမှာ လူနာတင်ယာဉ်နဲ့ စစ်ကူကားတွေ ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောင်းမှာ အကြမ်းဖက်စစ်အုပ်စု ၁၅ ဦးနီးပါး တပ်စွဲထားတာလို့ သိရပါတယ်။