စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ခြုံခိုတိုက်ခိုက်ခြင်းခံရပြီး အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကဒီကနေ့ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၈ ရက်နေ့၊ မနက် ၉ နာရီလောက်မှာ ပုလဲမြို့နယ်၊ ဆင်ရှင်ရွာနဲ့ ကြောင်သန်းကျေးရွာကြားမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
ဆက်လက်ပြီး အဲဒီစစ်ကြောင်းကို မွန်းလွဲ ၁ နာရီလောက်ကနေ ၄ နာရီလောက်အထိ ပုလဲမြို့နယ်၊ အရှေ့သီတင်းကျေးရွာအနီးမှာ ဒုတိယအကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော် ထပ်မံသေဆုံးခဲ့တယ်လို့ MRDA က ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့သေချာ အချိန်ယူစောင့်ပြီး တိုက်ခဲ့တာ။ စောင့်ရကျိုးနပ်တယ်ပေါ့။ စစ်သားအင်အားက ၉၀ ပတ်လည်လောက်ရှိမယ်။ စခတွေ အထိနာထားတော့ ဒီနေ့မှာ ပတ်ရမ်းမလား စောင့်ကြည့်နေတယ်’ လို့ MRDA ပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။
ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ MRDA ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။