CDF-Kalay Kabaw Gangaw တပ်ရင်း (၄) က တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံ

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- Kalay Kabaw Gangaw တပ်ရင်း (၄) ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ရဲဘော် ယောဟန်လင်းနဲ့ ရဲဘော်ကျော်မင်းသိန်းတို့ဟာ မနေ့က ဧပြီ ၉ ရက်မှာ စစ်အုပ်စုတိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မနေ့က ဧပြီ ၉ ရက်မှာ ရဲဘော်ကျော်မင်းသိန်းဟာ အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီး စစ်အာဏာရှင် စနစ်ပပျောက်ရေး၊ ပြည်သူလူထုကာကွယ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့ရတယ်လို့ CDF- Kalay Kabaw Gangaw က သတင်းထုတ်ပြန်ပါတယ်။
အလားတူ ဒီကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ယောဟန်လင်းဟာလည်း မနေ့က ဧပြီ ၉ ရက်မှာ ကလေးမြို့နယ် တောင်ပိုင်း မှန်တော်ရွာအနီး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ CDF- Kalay Kabaw Gangaw က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီရဲဘော်နှစ်ဦးရဲ့ တော်လှန်ရေးအတွက် ပေးဆပ်မှုတွေ အပေါ် CDF-KKG က လေးစာဂုဏ်ပြုကြောင်းနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။