တော်လှန်သင်္ကြန် သံချပ်အတွက် နယ်သာလန်ရောက်မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေ

နွေဦးအားမာန် တော်လှန်သင်္ကြန်ပွဲ ကျင်းနိုင်ဖို့ တော်လှန်သံချပ်အတွက် နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေ စုစည်းပြီး အမ်စတာဒမ်မြို့ရှိ အမရာမေ စားသောက်ဆိုင်မှာ မနေ့က ဧပြီလ ၉ ရက်နေ့မှာ အစမ်းလေ့ကျင်ခဲ့ကြပါတယ်။
အခုနှစ်သင်္ကြန်ပွဲဟာ ပျော်စရာသင်္ကြန် မဟုတ်ပဲ တော်လှန်သင်္ကြန်ပွဲ ဖြစ်တာကြောင့် တော်လှန်သံချပ်နဲ့ ရံပုံငွေစျေးရောင်းပွဲပြုလုပ်သွားမှာဖြစ်ပြီး ရရှိသော ရံပုံငွေတွေကို တော်လှန်ရေးအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ နွေဦးအားမာန် တော်လှန်သင်္ကြန် (နယ်သာလန်) ပွဲကို ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပြီး အိမ်နီးချင်း ဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံသားတွေလည်း လာရောက် ပူးပေါင်းသွားမယ်လို့ သိရပါတယ်။