အော်စကာပွဲတက်ခွင့် ၁၀ နှစ်ပိတ်ပင်ခံလိုက်ရတဲ့ မင်းသား Will Smith

Photo – orientaltimes
 
အခုနှစ် အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ Chris Rock ကို စင်ပေါ်တက် ပါးရိုက်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး နာမည်ကျော် ဟောလိဝုဒ်မင်းသား Will Smith ဟာ အော်စကာဆုပေးပွဲတက်ခွင့် ၁၀ နှစ် ပိတ်ခံလိုကင်ပါတယ်။
အော်စကာပွဲမှာ ရောဂါကြောင့် ဆံပင်ကျွတ်ဝေဒနာခံစားနေရတဲ့ ဇနီးသည် Jada Pinkett ရဲ့ဆံပင်ပုံစံကို အရွှန်းဖောက်စနောက်ခဲ့တဲ့ အစီအစဉ်တင် ဆက်သူ Chris Rock ကို စိတ်ဆိုးဒေါသထွက်ပြီး မင်းသား Will Smith ဟာ စင်ပေါ်တက် ပါးရိုက်ခဲ့တာပါ။
အခုလို နောက်ပြောင်လိုက်တာက မင်းသမီးတယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ အားနည်းချက်ကို စနောက်တာဖြစ်တယ်ဆိုပြီး Will Smith က ဒေါသထွက်ခဲ့တာလို့ ဆိုပါတယ်။
 “ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီးပါပြီ ၊ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့ကနေ နောက် ၁၀နှစ်အထိ Will Smith အနေနဲ့ အော်စကာအကယ်ဒမီပွဲနဲ့ အခမ်းအနားတွေကို လူကိုယ်တိုင်ဖြစ်စေ အွန်လိုင်းကနေဖြစ်စေ တက်ခွင့်မရှိဘူး”လို့
ဘုတ်အဖွဲ့ဥက္ကဌ ဒေးဗစ်ရူဘင်က ပြောပါတယ်။
 အခုလို ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး Will Smith က “ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လက်ခံပြီး အလေးအနက်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။