တော်လှန်သင်္ကြန် ဆင်နွှဲဖို့ ပုသိမ်လူငယ်များသမဂ္ဂ တိုက်တွန်

ပြည်သူတွေအနေနဲ့ စစ်အုပ်စုက ကျင်းပမယ့် သင်္ကြန်ပွဲတော်ကို မပါဝင်ဘဲ တော်လှန်သင်္ကြန်ဆင်နွှဲကြဖို့ ပုသိမ်လူငယ်များသမဂ္ဂ YUB က တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းနေတယ်လို့ လိမ်လည်ဖို့အတွက် ကျင်းပဖို့လုပ်ဆောင်နေတဲ့ သင်္ကြန်ပွဲတော်ကို မပါဝင်ဘဲ သပိတ်မှောက်ဆင်နွှဲဖို့ကိုလည်း YUB က ထည့်သွင်းတိုက်တွန်းထားပါတယ်။
အကျဉ်းထောင်အတွင်းမှာ ရောက်ရှိနေတဲ့ ရဲဘော်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာ ခက်ခဲစွာဖြတ်သန်းနေရတဲ့ ရဲဘော်တွေ၊ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေအပေါ် စာနာထောက်ထားတဲ့စိတ်နဲ့ ပျော်စရာသင်္ကြန်မဆင်နွှဲဖို့ကိုလည်း YUB က မေတ္တာရပ်ခံလိုက်ပါတယ်။
မြို့ပြပြောက်ကျားစစ်သည်တွေ စစ်ရေးလှုပ်ရှားနေတဲ့အချိန်ကာလ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း YUB ကထည့်သွင်းတောင်းဆိုထားပါတယ်။