မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ဖျားကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးမီးရှို့ကာ အဖိုးတန်ပစ္စည်းတွေ လုယက်နေခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၈ရက်နေ့ မွန်းလွဲ ၃နာရီလောက်က စစ်အုပ်စုက အင်အား ၁၀၀ကျော်နဲ့ မြစ်ဖျားကျေးရွာကို အကြောင်းမဲ့ ဝင်ရောက်စီးနင်းနေခဲ့တာပါ။
“ရွာကလူတွေက အကုန်ထွက်ပြေးနေကြပြီ စစ်တပ်က အိမ်တွေကို ဝင်ဖျက်ပြီး အဖိုးတန်ပစ္စည်းတွေ တွေ့ရင်ယူတယ် ပြီးတော့ မီးတင်ရှို့တယ် တစ်ရွာလုံးကုန်ဖို့များတယ် မီးလောင်တာကို ငြှိမ်းမဲ့သူမရှိဘူး”လို့ ပခုက္ကူမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်အုပ်စုက ဝင်ရောက်စီးနင်းချိန်မှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိမရှိနဲ့ သေဆုံးသူရှိမရှိကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။