ပင်လည်ဘူးမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေ

စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့ကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး နေအိမ်အချို့ မီးလောင်နေတယ်လို့ ကောလင်း PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လေယာဉ်တွေနဲ့ သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကာ မံစီလေးဘက်မှာလည်း နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပင်လည်ဘူးမြို့မှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းအချို့ ပြတ်တောက်နေခဲ့တာကြောင့် လူထိခိုက်မှု ရှိမရှိကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ထုတ်ပြန်ချက် သတင်းတွေအရ ပင်လည်ဘူးမြို့မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေ ၈ ကြိမ်ထက်မနည်း ပျံသန်းနေခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။