ငဖဲမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

မကွေးတိုင်း ၊ ငဖဲမြို့နယ် ခါကျင်ကျေးရွာနဲ့ ရှစ်ခုကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Revolution Alliance (PRA-MAGWAY)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၇ရက်နေ့ မနက် ၇နာရီ၃၀မိနစ်ခန့်မှာ ငဖဲမြို့နယ် အနောက်ဘက် ၁၆မိုင်ခန့်အကွာမှာရှိတဲ့ ရေယာဉ်တောင်ကြောမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို People’s Revolution Alliance (PRA-MAGWAY)နဲ့ Asho Chin Defence Force-ACDF တို့ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက အထိနာကာ သာလွန်အင်အားနဲ့ ကာပစ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုဟာ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနောက်ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ငဖဲမြို့နယ် ခါကျင်ကျေးရွာနဲ့ ရှစ်ခုကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်ထိ အထိအခိုက်မရှိဘဲ စစ်အုပ်စုရဲ့ စစ်ကြောင်းကို ဟန့်တား ထားနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။