ကရင်နီပြည် (ကယားပြည်နယ်) ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်း လမ်းမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို KA နဲ့ KNDFတို့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၃ဦးသေဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၇ရက်နေ့ မနက် ၉နာရီလောက်မှာ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ကရင်နီပြည်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုက နယ်မြေစိုးမိုးနိုင်ရေးအတွက် သာလွန် လက်နက်အင်အားတွေ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေပါတယ်။