သက္ကလ၊ မြို့မစံပြရပ်ကွက်မှာ တစ်အိမ်တက်ဆင်းဖုန်းစစ်၊ပြည်သူ၃ ဦးဖမ်းဆီးခံ

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာပဲခူးတိုင်း၊ သက္ကလမြို့၊ မြို့မစံပြရပ်ကွက်အတွင်း တစ်အိမ်တက် ဆင်းဖုန်းလိုက်လံစစ်ဆေးပြီး ပြည်သူ၃ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဘာ့ကြောင့် ဖုန်းလိုက်စစ်သလဲဆိုတာကို အတိအကျမသိပေမယ့် ဧပြီ၆ရက်နေ့ ကမြို့မ စံပြ ရပ်ကွက်အတွင်းရှိ သက္ကလမြို့အထက်တန်းကျောင်းရှေ့ မှာ ၁၀တန်းစာမေးပွဲတင်ဖြေနေတဲ့ကျောင်းသားကို လာစောင့်နေတဲ့ ကျောင်းသားမိဘ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ သက္ကလတိုက်နယ်ဆေးရုံတင်လိုက်ရခြင်းနဲ့ဆိုင်တယ်လို့ Kawa Information ကထုတ်ပြန်ပါတယ်။
အဲဒီအထက်တန်းကျောင်းရှေ့မှာကင်းစောင့်နေတဲ့ စစ်သား လက်ဆော့ရာက သေနတ်ကျည်ဆန်ထွက်သွား ကာ ကျောင်းသားမိဘရဲ့ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်ပါတယ်။
‘သူတို့စစ်ခွေးအသုံးမကျလို့ နေရင်းထိုင်ရင်းကျည်မှန်တော့ လူတွေက ဝေဖန်ကြတာပေါ့။အဲဒါကိုသူတို့ကိုဝေ ဖန်ရမလားဆိုပြီး မကျေနပ်လို့ ရပ်ကွက်ထဲ တစ်အိမ်တက်ဆင်းဖုန်းလိုက်စစ်ပြီးပြည်သူတွေကို ဒုက္ခပေးတာ’ လို့ မြို့မစံပြရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
သက္ကလမြို့၊ကန်တော်မင်္ဂလာရပ်ကွက်နေပြည်သူတစ်ဦးက အကြမ်းဖက်စစ်တပ်ရဲ့ထုံးစံအတိုင်းသင်္ကြန်အတွက်ငွေလိုလို့ အကြောင်းရှာပြန်ပေးဆွဲတာလည်းဖြစ်နိုင် ကြောင်းပြောပါတယ်။
‘အင်မတန်အောက်တန်းကျတဲ့ သေနတ်အားကိုးနဲ့ ပြန်ပေးဆွဲခြင်းပါ။အရင်ကာလတွေတုန်းက အဲဒီလိုလုပ်နေ ကျဆိုတော့ ဒီလိုပဲ နားလည်မိတယ်’လို့ သူကပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာ ဖမ်းဆီးခံ၃ဦးအနက် ၂ဦးပြန်လွတ်လာပြီလို့ သတင်းကြားရပေမဲ့ အတည်မပြုနိုင်သေးဘူး လို့ မြို့မစံပြရပ်ကွက်သားကပြောပါတယ်။