မီးရထားလမ်းပိုင်း ၂ ခုကို အသုံးမပြုဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေ သတိပေး

အကြမ်းဖက်စစ်အုပ်စုက ရိက္ခာထောက်ပို့တွေအဖြစ် အသုံးပြုနေတဲ့ မန္တလေး-မြစ်ငယ် ရထားလမ်းပိုင်းနဲ့ မန္တလေးမြို့ပတ်ရထားလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ယာယီအသုံးမပြုဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတင်းထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဧပြီလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ ယာယီပိတ်ထားတဲ့ ရထားလမ်းတွေကို ပြည်သူတွေအနေနဲ့ အသုံးမပြုဘဲ ရထားလမ်းပေါ် တက်နေတာနဲ့ ရထားလာချိန်မှာ အဝေးကနေ ရှောင်ရှားနေကြတာတွေ လုပ်ဆောင်ကြဖို့ Ranger of Mandalay (ROM)နဲ့ မြို့ပြပြောက်ကျား မဟာမိတ်တွေက တောင်းဆိုထားတာပါ။
ဧပြီလ ၆ ရက်နေ့ ညပိုင်းမှာလည်း မန္တလေးဘူတာကြီးအတွင်းမှာ စစ်အုပ်စုရဲ့ ထောက်ပို့ရထားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။