မြန်မာ့အရေး ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို အိမ်ဖြူတော်မှာ ဆွေးနွေ

မြန်မာ့အရေး ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
အ​မေရိကန်အစိုးရ၊ အမျိုးသားလုံခြုံ​ရေး​ကောင်စီရဲ့ အရှေ့အာရှ​ဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နဲ့ အိမ်ဖြူတော်မှာ ​တွေ့ဆုံခဲ့ပြီး အ​မေရိကန်အစိုးရနဲ့ ဒေသအတွင်းမိတ်ဖက်နိုင်ငံ​တွေ ပူးပေါင်းကာ မြန်မာ​နွေဦးတော်လှန်​ရေးအတွက် ကူညီနိုင်မဲ့နည်းလမ်းတွေကို ပွင့်လင်းစွာ ​ဆွေးနွေးနိုင်ခဲ့ကြောင်း ဦးအောင်မျိုးမင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့်တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ်မှာလည်း အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင် နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
အမေရိကန် ကွန်ကရက် အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch Mc Connell က ဧပြီ ၆ ရက်နေ့မှာထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ Kentucky ပြည်နယ်ရှိ မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။