ယူကရိန်းကျူးကျော်စစ်ပွဲအတွက် ရုရှားကို ထောက်ပံ့ကူညီမှုတွေလုပ်မယ်ဆိုရင် တရုတ်အနေနဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှာမန်းက ဧပြီလ ၆ရက်နေ့က ပြောလိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာနဲ့ ပတ်သတ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတယ် ဒီတော့ ရုရှားကို ကူညီမယ်ဆိုရင် တရုတ်အနေနဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်သင့်တယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သတ်ပြီး အနောက်အုပ်စုတွေရဲ့ တုန့်ပြန်မှုကို ကြည့်ပြီးတော့ တဖက်မှာ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းယူဖို့ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုမှန်သမျှဟာလည်း လက်ခံနိုင်စရာမရှိဘူးဆိုတာ တရုတ်အနေနဲ့ မှန်ကန်နဲ့ သတင်းစာယူသင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
တရုတ်ဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားရဲ့လုပ်ရပ်ကို ပြစ်တင်ဖို့ ငြင်းဆိုခဲ့သလို ရုရှားအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။
ပေကျင်းနှင့် မော်စကိုတို့ဟာ မကြာသေးခင်နှစ်တွေက ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ “ကန့်သတ်ချက်မရှိ” မိတ်ဖက်ဆက်ဆံရေးက ကြေညာခဲ့ပါတယ်။
ရုရှားကို ဘယ်လိုစစ်ရေးအကူအညီအတွက်အဆို အကျိူးဆက်တွေရှိတယ်လို့ မတ်လက ဗီဒီယိုခေါ်ဆိုမှုအတွင်း
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင်းပင်ကို သတိပေးခဲ့ပါတယ်။