ရွှေဘိုမြို့နယ် တည်သီးတောရွာမှာ ပျူစောထီးအဖွဲ့စုဝေးနေချိန် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာမှာ ပျူစောထီးအဖွဲ့တွေ စုဝေးနေချိန်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းဦးဆောင်တဲ့ ပကဖ ရွှေဘိုက သတင်း ထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၆ရက်နေ့ မနက် ၈နာရီလောက်က တည်သီးတောရွာမှာရှိတဲ့ ပျူခေါင်းဆောင်တွေဖြစ်တဲ့ ကိုမောင်ဆန်းနဲ့ ကိုဇော်ဦးတို့ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ စုဝေးနေချိန်မှာ C & T SHWEBO, SNAKE EYES PDF,PEOPLE DEFENSE SHWEBO, Alpha 7, ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို , ဒေါင်းမာန် အဖွဲ့နဲ့ တပ်ပေါင်းစု၂တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ ပျူစောထီးခေါင်းဆောင် ကိုဇော်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးတွေနဲ့ သုံးကြိမ်တိုင်တိုင် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုအနေနဲ့ ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။