တမူးမြို့ တစ်ကျော့ပြန်လူထုသပိတ် ပြောက်ကျားတပ်ဖွဲ့တွေ ဝန်းရံ #တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တစ်ကျော့ပြန်လူထုသပိတ်တိုက်ပွဲကို ဒီကနေ့ပြန်လည် စတင်လိုက်ပြီး မြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။
ဒီနေ့မနက် ၉နာရီခွဲလောက်မှာတမူးမြို့(စစ်တပ်ကုန်းအနီး) စော်ဘွား(၅)ရပ်ကွက် အာရှလမ်းမကြီးပေါ် အင်အား၇၀ကျော်နဲ့ သပိတ်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ကြောင်း တမူးမြို့နေတက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
‘တမူးမြို့ထဲမှာ သပိတ်တိုက်ပွဲဖော်တာပါ။ဒလန်တွေ ပျူစောထီးတွေမတရားပေါတဲ့ စော်ဘွားရပ်ကွက်ဘက်ဗျ’လို့ သူကပြောပါတယ်။
တမူးမြို့လူထုသပိတ်တိုက်ပွဲကို ကျောင်းသားသပိတ်ဦးဆောင်အဖွဲ့(တမူးမြို့)၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မော်လိုက်သပိတ်ဦးဆောင်ကော်မတီနဲ့ တမူးတခရိုင်လူငယ်ရေးရာကော်မတီတို့ စုစည်းတိုက်ပွဲဝင်ကြခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း(၄)၊ ဗမာ့ကျောင်းသားများအဖွဲ့အစည်း(BSO)နဲ့ တမူးပကဖ တို့က လုံခြုံရေးယူပေးခဲ့ကြပါတယ်။
photo-cj