ကဒါးလား ကျေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စု ၆ ဦးသေ

ဓာတ်ပုံ- KNDF/B-15
ကယားပြည်နယ်(ကရင်နီ) ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KA၊ KNDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၆ ဦး သေဆုံးသွားခဲ့တယ်လို့ KNDF/B-15 က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒါ့အပြင် မနေ့က ဧပြီလ ၅ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ ငွေတောင်ရွာသစ်ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်အချို့ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
တိုက်ပွဲအဖြစ်ပွားရာအနီးမှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူအချို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားရာ နေရာတွေအနီးမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို သွားလာတာတွေ မလုပ်ဆောင်ဖို့ KNDF/B-15က သတိပေးထားပါတယ်။