CDF (မတူပီ) က စစ်အုပ်စုယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ချင်းဒေသကာကွယ်ရေးတပ် CDF (မတူပီ) က မတူပီမြိုက ၂၈ မိုင်အကွာမှာ အကြမ်းဖက်စစ်အုပ်စုကို မိုင်းလေးလုံးခွဲ တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျောက်ထုကနေ မတူပီဘက်ကိုလာတဲ့ စစ်အုပ်စုရဲ့ ယာဥ်အစီး ၈၀ ပါ ယာဉ်တန်းကို မတူပီအခြေစိုက် စစ်အုပ်စုတပ်ရင်းတွေက ဆင်းကြိုနေချိန်မှာ မိုင်းလေးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဲဒီ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ သေဆုံးသူစာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ မင်းတပ်-မတူပီ မိုင်တိုင် ၇၇ ကိုရောက်နေလို့ မင်းတပ်နဲ့မတူပီ မြို့ကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ CDF(မတူပီ) က အသိပေးထားပါတယ်။