ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ရဲတမန်ရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦးနဲ့ ဇနီးတို့ဟာ ကျေးရွာပြည်သူတွေအပေါ် ဖိနှိပ်မှုအမျိုးမျိုး ပြုလုပ်နေခြင်း၊ ကျေးရွာက တက်ကြွလှုပ်ရှားလူငယ်တွေကို PDF နဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖမ်းဆီးစေခြင်းတွေ ပြုလုပ်နေကြောင်း သတင်းအရ ဒေသခံ PDF တွေက သတိပေးတားမြစ်ခဲ့ပေမဲ့ လိုက်နာခြင်းမရှိဘဲ ပြည်သူကို ဆက်လက်ဒုက္ခပေးနေတာကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ ကဒီနေ့ မနက် ၁၁ နာရီလောက်မှာ သွားရောက်သုတ်သင်ရှင်းလင်းခဲ့ရာ ကျည် ၄ ချက် ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။