မန္တလေး အုပ်ကြီးတစ်ဦး အိမ်ထဲထိုင်နေချိန် ရှင်းလင်းခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက စစ်သတင်းပေးလို့ နာမည်ကြီးနေတဲ့ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို Justice Mandalay PDF က အိမ်ထဲဝင် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
မနေ့ည ၉ နာရီကျော်လောက်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး အုန်းလွင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
‘သူက သူ့အိမ်ထဲ ထိုင်နေတာ။ ပြောက်ကျားရဲဘော်က သူ့အိမ်ဝင်းထဲဝင်ပြီး ပြတင်းပေါက်ကနေ သေနတ်နဲ့ပစ်တာ ပွဲချင်းပြီးပဲ’ လို့ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ အုန်းလွင်ရှိနေစဉ် လက်ပစ်ဗုံးနဲ့ အပစ်ခံရပေမဲ့ ထိခိုက်မှု မရှိခဲ့ပါဘူး။