စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်၊ မြို့အဝင်မုခ်ဦးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်မိုင်းခွဲခဲ့ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၃ ရက်နေ့၊ ည ၈ နာရီ ၄၈ မိနစ်မှာ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) မုံရွာက ရဲဘော်တွေ ကျည် ၁၈ တောင့်နဲ့ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် တွေက မိုင်းဖောက်ခွဲကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ (အောက် ချင်းတွင်း) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဧပြီ ၃ ရက်နေ့ ညနေပိုင်းမှာ မုံရွာထောင်တွင်း အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။