ဥက္ကံမြို့ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး ဆေးရုံရောက်

ရန်ကုန်တိုင်း၊ ဥက္ကံမြို့ရှိ ပျူစောထီး ခေါင်းဆောင်တစ်ဦးပစ်ခတ်ခံရပြီး အရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်လိုက်ရ တယ်လို့ သိရပါတယ်။
ဥက္ကံမြို့ရှိ ပျူစောထီးခေါင်းဆောင် ပြောင်ကြီး (ခ) စိုးမိုးအောင်ကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ် မြောက်ရေးအဖွဲ့ (ACPLF) က ဧပြီ ၃ ရက်၊ မနက် ၈ နာရီလောက်မှာ ပစ်ခတ်ခဲ့ရာ ဇက်ပိုးကျည်ထိမှန်ခဲ့ပါတယ်။
ပြောင်ကြီး (ခ) စိုးမိုးအောင်ဟာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး ဥက္ကံ ပြည်သူတွေထံ ငွေမတရားကောက်ခံခြင်း၊ သူနဲ့မတည့်သူနဲ့ ငွေကြေး ပြည့်စုံသူတွေကို အမှုဆင် လိမ်လည်တိုင်ကြားကာဖမ်းဆီးစေခြင်း၊ ငွေညှစ်ခြင်း၊ ပြည်သူတွေအပေါ် လက်နက်ပြအနိုင်ကျင့်ခြင်းစတဲ့ မတရားမှုတွေကို ကျူးလွန်နေကြောင်း ပြည်သူတွေရဲ့ တိုင်ကြားချက်အရ အရေးယူခဲ့ရခြင်းဖြစ်ကြောင်း ACPLF က ထုတ်ပြန်ပါတယ်။
ဥက္ကံမြို့မှာ ကျန်ရှိနေသေးတဲ့ ပြောင်ကြီးရဲ့ အပေါင်းအပါတွေကို ဆက်လက်အရေးယူသွားဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။