မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ် တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ရက်အတွင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီ ၃ ရက်နေ့ မနက် ၆ နာရီလောက်မှာ မင်းလှရွာစာသင်ကျောင်းကို မီးရှို့နေစဉ် တိုက် ခိုက်ရေးဒရုန်းနဲ့ အီနာဂါဗုံးတစ်လုံး ပစ်ချခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တလုပ် PDF က ထုတ်ပြန်ပါတယ်။
အဲဒီနောက် ဇရပ်နီကျေးရွာကနေ ပေါက်တောကျွန်းဘက်ထွက်လာတဲ့ အကြမ်းဖက်တပ်ကို စောင့်ကြိုမိုင်းဆွဲခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူများခဲ့ပါတယ်။ မိုင်းဆွဲခံရပြီးနောက် တပ်ဆုတ်ပြေးတဲ့ အကြမ်းဖက်တပ်ကို လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ ၄၄(မမ) ဗုံးပစ်လောင်ချာတို့နဲ့ လိုက်လံပစ်ခတ်ခဲ့သလို မြစ်ကူးဖို့ စက်လှေပေါ်အတက်မှာ ထပ်မံမိုင်းဆွဲခဲ့ရာ နောက်ထပ်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တလုပ် PDF က ဆိုပါတယ်။
ဧပြီ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း မြစ်ဆုံကျေးရွာကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သား ၄၀ လောက်ကို ရှေ့ထွက်မိုင်း ၂ လုံး၊ ရှော့ဒုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
ရေလယ်ကျွန်း ၂ ရက်တာ တိုက်ပွဲကို တလုပ် PDF နဲ့အတူ မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့တွေ၊ ညီနောင်မဟာမိတ်တပ်ပေါင်းစုတွေနဲ့ Local PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။