တန့်ဆည်မှာ အကြမ်းဖက်စစ်အုပ်စု တပ်သားတွေ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စိမ်းလန်းရုံးနဲ့ ဝရင်ငယ်-ရွာသစ်ကျေးရွာ အနီးတို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၁၅ ဦးလောက် အပြင်းအထန် ထိခိုက်ကျဆုံးနိုင်တယ်လို့ သိရပါတယ်။
ဧပြီ ၂ ရက်၊ ည ၉ နာရီ ၁၀ မိနစ်လောက်မှာ တန့်ဆည်မြို့နယ် စိမ်းလန်းရုံးနဲ့ တန့်ဆည်မြို့နယ် ဝရင်ငယ်-ရွာသစ်ကျေးရွာအနီးတို့မှာ Myanmar Defense Force – Taze Tiger နဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၁၀) တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတို့ ထိခိုက်ကျဆုံးနိုင်ကြောင်း Myanmar Defense Force – Taze Tiger က ကနေ့ထုတ်ပြန်ပါတယ်။
အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးမီးလောင် ပျက်စီးသွားပြီး ကျန်ကားတစ်စီးမှာလည်း အပြင်းအထန် ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါ တယ်။