သင်္ကြန်ကာလအတွက် စင်ကာပူနှင့် ထိုင်းနိုင်ငံလေယာဉ်လက်မှတ် အားလုံး‌နီးပါး ရောင်းကုန်

Photo .. Singapore airline
သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံကနေ စင်ကာပူနဲ့ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့် ခရီးသည်‌တွေ များနေတာကြောင့် လေယာဉ်လက်တွေ အားလုံးနီးပါး ရောင်းချထားပြီးဖြစ်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက DNA ကို ပြောပါတယ်။
စင်ကာပူနဲ့ ထိုင်းခရီးစဉ်တွေအတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နဲ့ Singapore airlineတို့က ပျံသန်းပြေးဆွဲနေတာ ဖြစ်ပါတယ်။
စင်ကာပူနဲ့ ထိုင်းနိုင်ငံကို သွားရောက်လည်ပါတ်မယ့် သူတွေအနေနဲ့ မြန်မာနိုင်ငံက မထွက်ခွာခင် ၄၈နာရီအတွင်း PCR Test နှင့် ကိုဗစ်စစ်ဆေးထားတဲ့ ထောက်ခံစာတော့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ သူတွေဆိုရင်တော့ ကွာရန်တင်းဝင်ဖို့ မလိုဘူးလို့ သိရပါတယ်။