ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့၊ စံချိန်မှီရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တပည့်တစ်ဦး ရှင်းလင်းခံရတယ်လို့ သိရပါတယ်။
ကျောက်တန်းမြို့နယ် စံချိန်မှီရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမိုး နဲ့သူရဲ့ တပည့်နှစ်ဦးကို ဧပြီလ ၂ ရက် နေ့လည် ၁၂ နာရီခွဲလောက်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့ က ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
စိုးမိုးနဲ့ တပည့်တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တပည့်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။လာရောက်ပစ်ခတ်တဲ့ သေနတ်သမား တစ်ဦးလည်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောတယ်လို့ ခရမ်းချန်နယ်က ဆိုပါတယ်။