ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးနဲ့ စစ်သား ၁ ဦး တို့ဟာလက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုး ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် ခမရ (၅၈၅)က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် နဲ့ တပ်သား ဟိန်းမင်းထွေး တို့ဟာ KNLAပူးပေါင်းတပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းနိုင်ခဲ့ပြီလို့ Cobra Column က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
သူတို့နဲ့အတူ MA -1 သေနတ် တစ်လက်၊ MA – 3 သေနတ်တစ်လက်နဲ့ပစ္စတိုတစ်လက်တို့ ပါလာကြောင်းသိရပါတယ်။ အလင်းဝင်တဲ့အချိန်နဲ့နေရာကိုတော့ ထုတ်ပြန်ချက်မှာမဖော်ပြထားပါဘူး။
ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ပြည်သူ့ဘက်တော်သားတွေကို KNLAပူးပေါင်းတပ်ဖွဲ့ကလုံခြုံကောင်းမွန်စွာ စောင့်ရှောက်ပေးနေတယ်လို့လည်းဆိုပါတယ်။