ရေလယ်ကျွန်းဒေသရွာ၂ ရွာကို အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်။
ရေလယ်ကျွန်းဒေသကို တောင်ဘက်ကနေဝင်လာတဲ့အကြမ်းဖက်တပ်ဟာ လှေခုတ်ကျေးရွာထဲ လက်နက်ကြီး နဲ့ပစ်ပြီး ရွာသားတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီနေ့မွန်းလွဲ ၃နာရီ၅၇မိနစ်မှာ YSO News & Information ကထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်သားတချို့ဟာ မီးလောင်ကျွန်းရွာနဲ့မိဖုရားရွာထဲ ဝင်ရောက်သောင်းကျန်းအကြမ်းဖက် နေတယ်လို့လည်းသိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရေစကြိုမြို့နယ် မီးလောင်ကျွန်း‌ ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဖောင်တော်ဦးကျောင်းတိုက်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ရေစကြိုမြို့၊၅ရပ်ကွက်နေတက်ကြွလူငယ်တစ်ဦးက ‘ကြားရသလောက် ဒီနေ့မနက်ကတည်းက စစ်ခွေးတွေ ရေလယ်ကျွန်းကိုဝင်မွှေနေတယ်။အိမ်တွေကိုဝင်လုယက်ပြီး မီးရှို့ ၊ဘာမှမဆိုင်တဲ့ရွာသားတွေဖမ်းနဲ့ အိမ်ခြေ ဘယ်လောက်မီးလောင်သလဲဆိုတာတော့ မသိရသေးဘူး’လို့ ပြောပါတယ်။
ဒါ့အပြင်ရေလယ်ကျွန်းဒေသဆီတောင်အရပ်က လာတဲ့ အကြမ်းဖက် စစ်တပ်ဟာ နွယ်နီရွာမ ကျေးရွာအတွင်းရှိ ကြက်နဲ့ ဘဲတွေကို သတ်နေတယ်လို့လည်း YSO News & Information ကထုတ်ပြန်ထားပါတယ်။
ရေလယ်ကျွန်းဒေသကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။
ပုံစာ- မီးလောင်ကျွန်း‌ ကျေးရွာမီးရှို့ခံနေရပုံ