ရေလယ်ကျွန်း၊ ဖောင်တော်ဦး ကျောင်းတိုက်ကို အကြမ်းဖက်စစ်တပ် မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ဖောင်တော်ဦးကျောင်းတိုက်ကို မီးရှို့ဖျက်ဆီးနေကြောင်း
YSO News & Information က ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့ YSO News & Information က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို YSO News & Information ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖော်ပြနေပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရေစကြိုမြို့နယ် မီးလောင်ကျွန်း‌ ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ဖောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြောင်း ဒီနေ့မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရေလယ်ကျွန်းဒေသဆီ တောင်အရပ်ကလာတဲ့ အကြမ်းဖက် စစ်တပ်ဟာ နွယ်နီရွာမ ကျေးရွာအတွင်းရှိ ကြက်နဲ့ ဘဲတွေကို သတ်နေတယ်လို့လည်း ၁၀ နာရီ ၁၄ မိနစ်က ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်ပိုင်း ၇ နာရီအချိန်လောက်ကစပြီး နွယ်နီကျွန်းကနေတစ်ဆင့် ရေလယ်ကျွန်းဒေသကို စစ်သား ၅၀ လောက်နဲ့ ထိုးစစ်ဆင်လာပြီး ရေစကြိုပေါက်တော့ကြီး ဇက်ဆိပ်ကနေလည်း အင်အား ၅၀ လောက် ကူးလာကြောင်း YSO News & Information က ထုတ်ပြန်ပါတယ်။