ခင်ဦးမှာ အကြမ်းဖက်စစ်အုပ်စု ကျေးရွာတွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေ

Photo -ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း ခင်ဦးမှာ အကြမ်းဖက်စစ်အုပ်စုက နေ့စဥ်စစ်ကြောင်းထိုးနေပြီး ကျေးရွာဘုန်းကြီးကျောင်းတွေကိုပါ ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေသလို ရဟန်းသံဃာတော်တွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၁ ရက်နေ့တွေမှာ ငါးတင်းကြီးရွာ၊ ပေပင်ကုန်း၊ ထနောင်းကိုင်းကြီး၊ မင်းဝံစိုက်ကွင်း ကျေးရွာတွေကို စစ်ကြောင်းဖြန့်ပြီး အကြမ်းဖက်ဝင်ရောက်နေတာကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရပြီး လူမနေရဲတော့ဘဲ တိတ်ဆိတ်နေတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်နဲ့ အနီးတဝိုက် အကြမ်းဖက်စစ်အုပ်စုက မတ်လ ၅ ရက်နေ့မှ စတင်ပြီး နေ့စဥ် စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင် ပြည်သူ ၄ သောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။