သတင်းပေါက်ကြားမှုတွေကို ပြည်ထဲရေးဝန်ကြီးဆီ တိုက်ရိုက်ဆက်သွယ်ဖို့ လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား

သတင်းပေါက်ကြားမှုတွေနဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ညွှန်ကြားတဲ့ လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားခဲ့တယ်လို့ Myanmar Police CDM Channel က ဖော်ပြထားပါတယ်။
ရုံးစာ၊ အရေးကြီးသတင်း၊ ထူးခြားဖြစ်စဉ်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပေါက်ကြားနေ တာကြောင့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက တိုင်း/ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေအနေနဲ့ အရေးကြီးသတင်းပေးပို့ရာတွင် တိုက်ရိုက်ဖုန်းဆက်ကြဖို့ ညွှန်ကြားတဲ့ လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားလာတာ ဖြစ်ပါတယ်။
ထူးခြားဖြစ်စဉ်တွေကို တင်ပြရာမှာ ပြည်ထဲရေး ဝန်ကြီးထံကို တိုက်ရိုက်ဖြစ်စေ၊ PSO ဆီသို့ ဖုန်းဖြင့်ကနဦးတင်ပြဖို့နဲ့ ရုံးစာတွေ ညွှန်ကြားစာတွေ ပေါက်ကြားမှုမရှိစေဖို့ တာဝန်ရှိသူတွေ ကြပ်မတ် ဆောင်ရွက်သွားကြဖို့ ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
CRD- MPCC