ချာနိုဘိုင်းနျူစက်ရုံဟောင်းမှာ တပ်စွဲထားတဲ့ ရုရှားစစ်သားတွေ ဆုတ်ခွာ

Photo – Getty Images
ယူကရိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီယား စက်ရုံဟောင်းမှာ တပ်စွဲထားတဲ့ ရုရှားတပ်‌တွေ ဒီနေ့ မနက်မှာပဲ ဆုတ်ခွာသွားပြီလို့ စက်ရုံဝန်ထမ်းတွေဆီက သိရကြောင်း နိုင်ငံပိုင်စက်ရုံကုမ္ပဏီ Energoatom က ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဘီလာရုဇ်နယ်စပ်ဆီကို ပြန်ဆုတ်သွားပြီး တပ်စုငယ်တဖွဲ့ကိုသာ နောက်ချန်ထားခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းနိုင်ငံထဲကနေ ရုရှားတပ်တွေ ရုတ်သိမ်းမယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ အကြီးတန်းအရာရှိတွေက ပြောကြားပြီးနောက် အခုလိုသတင်းထွက်ပေါ်လာတာပါ။
ယူကရိန်းကို စတင် ကျူးကျော်တိုက်ခိုက်ချိန်ကတည်းက ရုရှားတပ်တွေဟာ ချာနိုဘိုင်းစက်ရုံကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်၊။
မတ်လ ၂၉ရက်နေ့က တူရကီနိုင်ငံမှာ ပြုလုပ်တဲ့ ယူကရိန်း – ရုရှားနှစ်နိုင်ငံဆွေးနွေးပွဲမှာ ကိဗ်ယက်မြို့ဝန်းကျင်မှာ စစ်ရေး လှုပ်ရှားမှုတွေကို လျှော့ချပြိး အရှေ့ပိုင်း ဒွန်ဘက်စ်ဒေသကို အာရုံစိုက်သွားမယ်လို့ ရုရှားက ပြောခဲ့ပါတယ်။ ချာနိုဘိုင်းနျူစက်ရုံဟောင်းဟာ မြို့တော် ကိဗ်ယက် မြောက်ပိုင်းမှာ တည်ရှိပါတယ်။