ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၃ ဦး သေဆုံး

Photo – Khin U PDF
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း မနေ့ကမတ်လ ၃၀ ရက်နေ့မှာ ကျေးရွာလူငယ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ခင်ဦး PDF က ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း ရှားလွင်ရွာနဲ့ ကုလားကူးကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မနေ့က လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း လူနေအိမ်တွေကို ဒုတိယအကြိမ် ထပ်မံမီးရှိုခဲ့ပါတယ်။
မီးငြိမ်းဖို့သွားတဲ့ လူငယ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုက လိုက်လံပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သလို ဒဏ်ရာရရဲ‌ဘော်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းပြီးနောက်အကြမ်းဖက်စစ်အုပ်စုကြောင့် ကျဆုံး ပြည်သူနဲ့ PDF ရဲဘော်စုစုပေါင်း ၁၁၄ ဦးရှိနေပြီး ဒဏ်ရာရသူ ၈၄ ဦးရှိနေပြီ ဖြစ်ပါတယ်။