စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်

အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ကြောင်း NUG အစိုးရက ကြောညာလိုက်ပါတယ်။
NUG အစိုးရက ထုတ်ပယ်တဲ့ ဝန်ထမ်းစာရင်းထဲမှာ အမြဲတမ်း အတွင်းဝန် ၁ ဦး၊ လက်ထောက် အတွင်းဝန် ၅ ဦး၊ညွှန်ချုပ် ၄ ဦး၊ဒုညွှန်ချုပ် ၁၄ ဦး၊အင်ဂျင်နီယာချုပ် ၁၄ ဦး၊ညွှန်မှူး ၆၀ အပါအဝင် ဒုညွှန်မှူး၊ ဦးစီးအရာရှိ၊ ဒုဦးစီးမှူးနဲ့ ရုံးအုပ် စုစုပေါင်း ၃၁၈ ဦး ပါဝင်ပါတယ်။
အဲဒီဝန်ထမ်းတွေဟာ စစ်အုပ်စုလက်အောက်မှာ ဆက်လက်အမှုထမ်းနေရုံတင်မက CDM ဝန်ထမ်းတွေကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးကနေ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနဲ့ ဥပေဒနဲ့အညီ ပြန်ဆပ်ရန်မလိုတော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်း စတဲ့ဖိနှိပ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။