မြန်မာအမျိုးသမီးတွေရဲ့ ခံနိုင်စွမ်းကို ဖော်ညွှန်းထားတဲ့ ရန်ကုန် ဓာတ်ပုံပွဲတော် ကျင်းပမယ်

မြန်မာအမျိုးသမီးတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ညွှန်းထားတဲ့ ၁၄ ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို မတ်လ ၃၁ ရက်နေ့ကစပြီး ရန်ကုန်မြို့၊ ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းအတွင်း ခင်းကျင်း ပြသသွားမယ်လို့ သိရပါတယ်။
ဒီနှစ် ရန်ကုန်ဓာတ်ပုံပွဲတော်ဟာ ကချင်ပြည်နယ်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကတစ်ဆင့် မြန်မာအမျိုးသမီးတွေရဲ့ ခံနိုင်စွမ်းကို ခင်ကျင်းပြသမှာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ ကြည့်ရှုခံစားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။
Durable Peace Program နဲ့ Trocaire တို့က ပွဲတော်မိတ်ဖက်တွေအဖြစ် ပူးပေါင်းပါဝင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၊ ပြင်သစ်သံရုံးနဲ့ ဆွစ်ဇာလန်သံရုံးတို့က ပွဲတော် အစီအစဉ်တွေ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးထားပါတယ်။